Plight of Burmese Muslim victims of Nergis cyclone (in Burmese)

မြန်မာမူစလင်များဒုက္ခရောက်နေခြင်း

ရန်ကုန်
ဇူလိုင်-၉

၂၀၀၇ခုနစ်စက်တင်ဘာသံဃာလှုပ်ရှားမှုကြီးမှာမူစလင်ဘာသာဝင်များကတက်ကြွစွာပါဝင်ကူညီခဲ့ကြသော်ငြားလည်း နာဂစ်မုန်တိုင်းကြောင့် ဒုက္ခရောက်နေတဲ့ မူစလင်တွေကို မြန်မာဗုဒဘာသာ အလျူရှင်တွေက သိပ်ပြီးမလှုတန်းလိုကြဘူးလို့ သိရပါတယ်။ ဒါကြောင့်မူစလင်တွေ က ကွမ်းခြံကုန်း ၊ခရမ်းလေးနဲ့ အခြားရွာတွေဖြစ်ကြတယ်။ သူတို့ ကားလမ်းဘေးကိုထွက်ပြီး တောင်းနေပေမဲ့  အလူရှင်တွေက သူတို့ နေရာတွေကိုကျော်သွားတယ်လို့ သိရပါတယ်။ ကိုဇာဂနာကိုအဖမ်းခံရပြီးနောက် မှာဒီလို အခြေအနေတွေကို စတင်ကြားလာရတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ လူမှုရေးအသင်းတွေအနေနဲ့  ဘာသာမခွဲခြားပဲ ကူညီကြပါလို့ တိုက်တွန်းလိုပါတယ်။

ကျဉ်းမြောင်းလှတဲ့ မြန်မာအမျိုးသားရေးနဲ့ မြန်မာ့ဘာသာရေးအယူအဆများကြောင့် ကျနော်တို့ ဒုက္ခပင်လယ်ဝေခဲ့ပြီးပါပြီ။ ဒါတွေကိုသင်ခန်းစာယူသင့်ပါတယ်။ ဗုဒမြတ်စွာဘုရားရဲ စစ်မှန်တဲ့တရားအတိုင်းကျင့်သုံးကြပါ။ ဒီလိုကျင့်သုံးရင်ဘေးဒုက္ခဖြစ်စရာအကြောင်းမရှိဘူး။ ဒုက္ခရောက်သူတိုင်းကိုလူမျိုး၊ဘာသာမခွဲခြားပဲကူညီကြပါလို့ တိုက်တွန်းလိုပါတယ်။

Moethee Zun

Leave a Reply

You must be logged in to post a comment.