People & Revolution Posted by Khin Ma Ma Myo in her blog on Saturday, April 5, 2008 လူထုနှင့်တော်လှန်ရေး စနစ်တခုမှစနစ်တခုသို့ပြောင်းလဲသည့် မည်သည့်တော်လှန်ရေး၌မဆို အခရာသည် လူထုသာပင်ဖြစ်သည်။ လူထုနှင့် တော်လှန်ရေးသည် တသားတည်းရှိနေရမည်ဖြစ်ပြီး၊ တော်လှန်ရေးခေါင်းဆောင်များကျင့်သုံးရမည့် အရေးကြီးဆုံးအချက်မှာ လူထု၏ လိုအပ်ချက်၊တောင်းဆိုချက်နှင့် တော်လှန်ရေးအရှိန်တို့ ဟန်ချက်ညီမှုရှိစေရန် ဆောင်ရွက်တတ်ခြင်း ဖြစ်ပါသည်။ တခါက နိုင်ငံရေးနှင့် ဒဿနိကဗေဒ ပညာရှင်ကြီးဖြစ်သူ ကွန်ဖြူးရှပ်အား အောင်မြင်သောစစ်ပွဲတခုတွင် လိုအပ်သည့်အခြေအနေများကားအဘယ်နည်းဟု မေးမြန်းခဲ့ကြရာတွင် လူထုထောက်ခံမှု၊ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာ ဟူ၍ ပြန်လည်ဖြေကြားခဲ့ကြောင်း၊ ထို (၃) မျိုးထဲမှ တခုအားဖယ်ရှားခိုင်းရာ လက်နက်ဟုဆို၍၊ နောက်တခုအားထပ်မံဖယ်ရှားခိုင်းရာ စားနပ်ရိက္ခာ ဟုဆိုခဲ့ကြောင်း [...]
Filed under: Blogging, Burma, Burmese, Human Rights, Myanmar, Myanmar Military, Politics, SPDC | Tagged: Blogging, Burma Digest, Burmese politics, Khin Ma Ma Myo | Leave a Comment »