Let’s start a global struggle (in Burmese)

 Let’s start a global struggle (in Burmese)

 

ဒီစာကို Select ပေးပြီးရေးပါ…နေ့ စွဲ -မေလ ၂၆၊ ၂၀၀၈

လေးစားအပ်ပါသော
ပြည်တွင်းပြည်ပရှိညီအကိုမောင်နှမအပေါင်းတို့ ခင်ဗျား

ရန်ကုန်မြို့  ဆီဒိုးနားဟော်တယ် မှာကျင်းပပြုလုပ်ပြီးသွားတဲ့ အလျူရှင်များ အစည်းဝေး – Donors Meeting – အပြီးမှာ လေဘေးဒုက္ခသည်များအခြေအနေဟာ အလွန်ကိုဆိုးဝါးနေဆဲဖြစ်ပါတယ်။ ပုသိမ်မှာရှိတဲ့ဒုက္ခသည်များဟာ နေရပ်ကိုအတင်းအကြပ်ပြန်ပို့ တာခံနေရပါတယ်။ ဖျာပုံ၊ကျိုက်လတ်နဲ့ အခြားမြို့ နယ်များမှာရှိတဲ့ လေဘေးဒုက္ခသည်များဟာလည်း မဖြစ်စလောက်အကူညီတခါနစ်ခါလာပေးတာကလွဲလို့ ဘာတခုမှမရရှိသေးပါဘူး။

နဂျစ်မုန်တိုင်းက ကျနော်တို့ ပြည်သူ သိန်းပေါင်းများစွာရဲ့ အသက်ကို တမဟုတ်ခြင်းချွေခဲ့ပါတယ်။ မသေလို့ ကျန်ခဲ့တဲ့ ၂သန်းနီးပါးပြည်သူတွေကတော့ ကုလသမဂနဲ့ အာဆီယံနိင်ငံတွေရဲ့ တဖြေးဖြေးခြင်းညင်းသတ်တာကိုခံရတော့မှာပါ။
ပြည်သူလူထုမှာအကာအကွယ်မဲ့နေပါပြီ။

ဒုက္ခဘေးကျရောက်နေတဲ့ပြည်သူလူထုကြီးအတွက် ကျနော်တို့ အစွမ်းကုန်တိုက်ပွဲ ၀င်ရပါတော့မယ်။ ကျနော်တို့ မှာတခြားနည်းလမ်းမရှိတော့ပါဘူး။ ကျနော်တိုက်တွန်းလိုပါတယ်။ ပြည်တွင်းမှာ တပြည်လုံးအတိုင်းတာဆောင်တဲ့ အထွေထွေသပိတ်ကြီးဆင်နွဲရပါမယ်။ ပြည် ပရောက်ညီအကိုမောင်နှမတွေအနေနဲ့  ကုလသမဂနဲ့ အာဆီယံကိုဆန်ကျင်တဲ့
လှုပ်ရှားမှုကြီး နဲ့ အမေရိကန်၊ ပြင်သစ်နဲ့ အင်္ဂလန်နိင်ငံတွေကို လူသားချင်းစာနာတဲ့
စွက်ဖက်မှု – Humanitarian Intervention – ကိုတောင်းဆိုတဲ့လှုပ်ရှားမှုတွေကို
တကမ္ဘာလုံးအတိုင်းတာနဲ့ စတင်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဘယ်နေ့ မှာလုပ်မလဲ ဘယ်နေရာတွေမှာလုပ်မလဲ ဘယ်လိုကြွေးကြော်သံတွေတင်မလဲ ဆိုတာ ကို အမြန်ဆုံးမိမိတို့ သက်ဆိုင်ရာနိင်ငံအလိုက် အရေးပေါ်အစည်းဝေးတွေကို ခေါ်ယူပေးဖို့ တိုက်တွန်းလိုပါတယ်။

မိုးသီးဇွန်
Email: wefightwewin@gmail.com

ကမ္ဘာကျော် ရိုက်စားပွဲကြီးကတော့ ပြီးသွားပါပြီ။ လူထုတိုက်ပွဲတွေ အမြန်ဆုံးဖေါ်ထုတ်ကြပါစို့ ။

မေလ ၂ ရက်နေ့ က နိင်ငံတကာ အလျူရှင်အစည်းဝေးကြီး ကို ကုလသမဂ ကြီးကြပ်မှုနဲ့ 
ရန်ကုန်မြို့ ဆီဒိုးနားဟော်တယ်မှာလုပ်ခဲ့တယ်။ နအဖက နိင်ငံတကာ ကယ်ဆယ်ရေးလုပ်သားတွေကိုဝင်ခွင့်ပြုမယ်လို့ဆိုတယ်။
နိင်ငံတကာက ဒေါ်လာ သန်း၁၀၀ ကျော်လျူဒန်းမယ် လို ကတိပြုခဲ့တယ်။ လက်တွေမှာတော့
နဖအက အလျူရှင်တွေကျေနပ်လောက်အောင် ဒုက္ခသသည်ကယ်ဆယ်ရေးလုပ်ငန်းတွေ
ကိုလုပ်ပြရမယ်။ နိင်ငံတာကာ ကယ်ဆယ်ရေးလုပ်သားတွေကိုခွင့်ပြုရမှာဖြစ်ပါတယ်။
ဒါပေမဲ့ အလျူရှင်တွေက နအဖ အနေနဲ့ ထိထိရောက်ရောက်မလုပ်ဘူးဆိုရင် ငွေတွေကို ပေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီတော့နအဖက လက်တွေ ဒုက္ခသည်ကယ်တင်ရေးလုပ်ငန်းတွေ လုပ်ပြရမှာဖြစ်ပါတယ်။
မေးစရာမေးခွန်းက

၁- နအဖက တကယ်ထိထိရောက်ရောက်ကယ်တင်ရေးလုပ်ငန်းတွေလုပ်မှာလား
၂- နိင်ငံတကာ ကူညီမှုတွေကို တကယ်ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီပံပိုးမှာလား
၃- ဒီလိုလုပ်ဆောင်မှုတွေမလုပ်လာရင် နိင်ငံတကာက ရော ဘာအရေးယူဆောင်ရွက်မှုတွေဆက်လုပ်မှာလည်း ။
အဖြေကတော့ရှင်းလှပါတယ်။ နိုးလို့ တခွန်းတည်းဆိုပါရစေ။

 

ကယ်ဆယ်ရေးလုပ်ငန်းတွေကိုထိထိရောက်ခုထိနအဖက မလုပ်သေးပါဘူး။ ဒုက္ခသည်တွေကို
ကူညီမှုတွေက ရန်ကုန်အနီးပါးမှာမလောက်မငှကူညီမှုတွေလောက်ပဲဟန်ပြလုပ်နေတယ်။
ဒီနေ့ စီအန်အန် နဲ့ အဲလ်ချာဇီးယားသတင်းဌာနတွေ မှာနိင်ငံတကာကူညီမှုတွေကို လေဘေးဒဏ်ခံ မြစ်ဝကျွန်းပေါ်ဒေသက လူတွေကို ဖေါ်ဖေါ်သီသီလှုနေတာတွေကိုရိုက်ပြနေတယ်။ ကျနော်သံသယရှိပါတယ် ။ ဒီလိုရိုက်ပြတဲ့အစီအစဉ်တွေပြီးရင် ပြန်သိမ်းဦးမှာပါ။
ဒုက္ခသည်တွေအတွက်ပေးတဲ့ရွက်ဖျင်တဲကို သည်ပင်လျင် စစ်သားတွေအတွက်နေရာချတာတွေလုပ်နေတဲ့ စစ်ခေါင်းဆောင်တွေပါ။
ကယ်ဆယ်ရေး အစားသောက်တွေအများစုဟာ ကုန်မြင့်သာယာ၊ စက်မှုဇုံ နဲ့ ပျဉ်းမနားကို အစုလိုက်အပြုံလိုက်သိမ်းထားကြပါတယ်။ တချို့ ဈေးကွက်တွေထဲမှာပျံနှံနေပါတယ်။အနည်းအကျဉ်းအဖမ်းဆီးပြနေပြန်ပါတယ်။
ဒီလို လိမ်တဲ့နေရာမှာ ထိပ်သီးနအဖ အဖို့ ဒီလိုလုပ်ငန်းလေးတွေဟာ ထမင်းစားရေသောက် လုပ်ဟန်းလေးမျှသာဖြစ်ပါတယ်။ ကုလသမဂကတော့ ဒီလိုလိမ်ညာမှုတွေကို အသေးစိတ်သိမှာမဟုတ်ပါဘူး။ နိင်ငံတကာအကူညီတွေဟာ သဲထဲရေးသွန်ဖြစ်နေဦးမှပဲ။
နောက်ဆုံးမေးခွန်းကတော့ ကျနော်တို့ ကိုယ်ဖါသာကိုယ်မေးရမှာပါ။ ဒါကတော့ နအဖက အကြောင်းကျနော်တို့ နှေကျေအောင်သိထားပြီးပြီ။ ကျနော်တို့ ဘာဆက်လုပ်ကြမလည်းဆိုတာပါပဲ။

အဖြေက တော့

လူထုတိုက်ပွဲကိုပြန်လည်ဖေါ်ထုတ်ရမယ်။ အမြန်ဆုံးပြန်လည်လုပ်ရမှာပါ။
လူတွေမှာစားစရာမရှိဘူး။ သောက်စရာရေလုံလုံလောက်မရှိဘူး။ မီးမရှိဘူး။ အထွေထွေပြသာနာအားလုံးကို ဒီနေရာမှာစုပြုံပြီဖေါ်ထုတ်တိုက်ပွဲဝင်ရပါမယ်။
နိင်ငံတကာ အကူညီတွေ ဘာတခုမှာထိထိရောက်ဖြစ်မလာသေးဘူး ။ ကယ်ဆယ်ရေးလုပ်သားတွေ ၀င်ခွင့်မရသေးဘူးဆိုတာတွေကို မီးမောင်းထိုးပြရပါမယ်။
– သံတမန်ရေးတိုက်ပွဲတွေပြန်စရမယ်။
– ပိုစတာတိုက်ပွဲတွေ၊ ကြေညာချက်တွေပလူပျံအောင်ပြန်ထုတ်ရမယ် ။
– ပြောက်ကျားသပိတ်တွေ ပြန်ဖေါ်ထုတ်။ တနိင်ငံလုံးအတိုင်းတာဆောင်တဲ့ အငတ်ပြသာနာကို လူထုတိုက်ပွဲနည်းနဲ့ ဖေါ်ထုတ်ကြပါစို့ ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: