Myanmar SPDC’s Marie Antoinette (in Burmese)

 

Marie Antoinette

at the age of 12 in 1767

Please read my previous article, “Cannibal Queen Kyine Kyine (a) Marie Antoinette” in my Compassionate letter 11.

Then continue to read the following article posted by Ko Moe Thee Zun_

ဇာတိမာန်ကို မွေးကြ၊ ပြည်တွင်းဖြစ်ကို အားပေးကြ

 

 

တင်ပြသူ- (m.s)
ကာတွန်းပုံ-(ဧရာဝတီ အင်တာနက်စာမျက်နာ)

ဒီမှာဖော်ပြထားသော အမျိုးသမီး ဓာတ်ပုံဟာ ပြင်သစ်ဘုရင်ဟောင်း လူဝီ ၁၆ (ခေါ် ) လူဝီအော်ဂတ်စတီရဲ့ မိဖုရား မာရီယာအင်တွမ်နက် (Marie Antoinette- ၁၇၅၅-၁၇၉၃ ) ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။
သူမဟာ ( ၁၇၆၇-၁၇၇၀) ခုနှစ် အသက် ၁၂ မှာ ပြင်သစ်ဘုရင်ဟောင်း လူဝီ ၁၆ ကို ထိမ်းမြားပေးစားခြင်းခံ ခဲ့ ရသော်လည်း၊ သူမ အသက် ၁၄ နှစ်ကြ မှ တရားဝင် အကြင်လင်မယား အဖြစ် ဗာဆိုင်းနန်းတော်မှာ ပေါင်းသင်းနေထိုင် ခဲ့ ကြတယ်။

လူဝီ (၁၆) ဘုရင် ဟာ နိုင်ငံတော်သစ္စာဖောက်မူ့ နဲ့ ၁၇၉၃ ခုနှစ်မှာ ပြည်သူ့ ရှေ့မှောက်မှာ ခေါင်းဖြတ်သတ်ခံခဲ့ ရသလို၊ မာရီယာအင်တွမ်နက်ဟာလည်း ၁၇၉၃ ခုနှစ်မှာ နိုင်ငံတော်သစ္စာဖောက်မူ့ နဲ့ဘဲ ကွပ်မြစ်ခြင်းခံခဲ့ ရတယ်။

ဘာကြောင့်သူ့ မ ရဲ့ သမိုင်း ဒီလောက် ရှင်းပြနေရသလဲဆိုတော့ န၀တသတင်းစာမှာ ရေးသားခဲ့တဲ့ ဆောင်းပါးရှင် လှိုင်အောင် (ခေါ် ) ကြပ်ပြေး Bob (ခေါ် ) လူသတ်သမား ကျော်ဆန်းရဲ့ ဥဏှောက်မရှိ၊ လူသားမဆန်တဲ့ အောက်တန်းကျ ပြောဆိုချက်တွေဟာ သူမ ပြောတာနဲ့ အလွန်တူနေလို့ ဘဲဖြစ်တယ်။ သူမရဲ့ ကမ္ဘာကျော် ပြက်လုံး လေးကို ဖတ်ကြည့်ရအောင်……..

“The famous solution to the bread famine, “Let them eat cake,” is unjustly attributed to the queen, but it is certain that Marie Antoinette lacked understanding of economic problems.”

မိဖုရား မာရီယာအင်တွမ်နက် ဟာ ပြင်သစ် ပြည်သူတွေ စားစရာ မရှိလို့ နန်းတော်ရှေ့ လာရောက်ပြီး၊ ပေါင်မုန့် ရဘို့အတွက် လာရောက်တန်းစီ တောင်းခံနေတာ ကို “ဘာလုပ်နေကြတာ လည်း” လို့ သူမရဲ့ အစောင့်တွေကိုမေးတော့ သူမရဲ့ အစောင့်တွေ က ဒါဟာ “ပေါင်းမုန့် ကို လာတောင်းနေတာလို့” သူမကိုလျှောက်ထား တယ်။

အဲဒီတော့ သူမက “ပေါင်မုန့်မရှိယင် ကိတ်မုန့်ပေးလိုက်ပေါ့လို့ “ သူမရဲ့ အစောင့်ကိုဆိုတယ်။ ဆင်းရဲ နေတဲ့ ပြင်သစ်ပြည်သူတွေ အပေါ် ကိတ်မုန့် ပေးခိုင်းပြီး စားစရာမရှိတဲ့ ပြသနာကို သူမ ဖြေရှင်းခိုင်း မူ့ဟာ ဒီနေ့အထိ ရာဇ၀င် ပြက်လုံးတခုဖြစ်ခဲ့ ရတယ်။ သူမဟာ မိဖုရားဖြစ်ပြီး တိုင်းပြည်မှာ ဘာဖြစ်နေလည်းဆိုတာတောင် မသိဘူး။ ပြင်သစ် ပြည်သူတွေဟာ ဆင်းရဲငတ်ပြတ်နေကြတယ်ဆိုတာတောင် သူမ မသိဘူး။ တနည်းအားဖြင့် စောက်သုံးမကြတဲ့ ကမ္ဘာကျော် မိဖုရား မလေး တယောက်ပေါ့ဗျာ။

န၀တသတင်းစာထဲ မှာ ဆောင်းပါးရှင် ကြပ်ပြေး Bob (ခေါ်) လူသတ်သမား ကျော်ဆန်း (ခေါ်) လှိုင်အောင် က

လူပေါင်းသန်းနှင့် ချီတဲ့ မြစ်ဝကျွန်းပေါ် မှာရှိ တဲ့ နားဂစ်လေဘေးဒုက္ခသည်တွေဟာ ” နိုင်ငံတကာ အကူအညီ မလိုဘူး၊ ဖားရိုက် စားပြီးနေလို့ရတယ်” ……… ဒါ့ အပြင် “ရွှေတိဂုံဘုရား စိန်ဖူးတော်ကို မြင်ရလို့ ၊ လူ ၁သိန်း ခွဲကျော်သေဆုံး၊ ၂.၅ သန်းအိုးမဲ့အိမ်မဲ့ ဖြစ်စေ ခဲ့တဲ့ လူသတ်နားဂစ် မုန်တိုင်းကို ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်း” ဥဏှောက်မရှိ၊လူသားမဆန်တဲ့ အောက်တန်းကျကျ ရေးသားထားတော့ ၊ (၁၇၅၅-၁၇၉၃)ကာလက လူဝီ ၁၆ ရဲ့ မိဖုရားလေး မာရီယာအင်တွမ်နက်(Marie Antoinette) ကိုသွား သတိရ တယ်။ဥဏှောက် မရှိ၊ လူသားမဆန်ဘဲ န၀တ စစ်အုပ်စုအလိုကျ ရေးသားခဲ့တဲ့ ဆောင်းပါးရှင် ရဲ့ ရေးသားခဲ့မူ့ဟာ၊ စောက်သုံးမကြတဲ့ ကမ္ဘာကျော် မိဖုရား မာရီယာအင်တွမ်နက် ပြောဆိုခဲ့တဲ့ ရာဇ၀င်ပြက်လုံးလို ဖြစ်နေတာ မဟုတ်ပါလား?။

 

ကျွန်တော်အမြင်တော့ ခေါင်းဖြတ်ခံ ခဲ့ ရတဲ့ လူဝီ (၁၆)ရဲ့ မိဖုရား မာရီယာအင်တွန်နက်လို၊ ဆောင်းပါးရှင်ဟာ အသက် ၁၄ နှစ်မှာ န၀တစစ်အုပ်စုခေါင်းဆောင် မဟာမျိုးမဟာနွယ် ဘင်လာရွှေက အတင်းအဓ္ဓမ ပြုကျင့် ခြင်းခံခဲ့ရဟန် တူပါ သည်လို့ဘဲ တင်ပြပါရစေ။

ဧရာဝတီ မြစ်ဝကျွန်းပေါ် မှာတော့ ဆားငံရေ ၀င်သွားလို့ စားဖားတွေ သိပ်မရှိတော့ပါဘူး။ သိရသလောက် တော့ နေပြည်တော် ကြပ်ပြေး ရွာ မှာ “စားဖား” တွေပေါနေကြောင်း ၊ နာဂစ် လေဘေးဒုက္ခသည်များအနေဖြင့် နေပြည်တော် “စားဖား” တွေ ကို အမြန် ရိုက်သတ်စားနိုင်အောင် ဆောင်ပါးရှင်က န၀တ သတင်းစာမှတဆင့် ဆက်လက်ပြီး ထပ်မံအကြောင်းကြား ပေးပါအုံး။……..။
 

 

 

 

 

 

 

 

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: