Daw Aung San Suu Kyi studying at St Hugh’s College , Oxford

Acknowledgement

I failed to acknowledge that the following article is originally posted by K or KKay in Kay Thwe’s blog.  

Please accept my sincere apology. 

Thank you K for the kind understanding. 

I hope and pray that we could maintain our friendship to continue forever. 

SOA 

ဒေါ်စု မွေးနေ့ မတိုင်ခင် တရက်မှာ..ဒေါ်စု နေထိုင် ခဲ့တဲ့..အောက်စဖို့ဒ် ဆိုတဲ့ မြို့နေရာလေးကို သွားလည် ဖြစ် တယ် ဆိုတဲ့..တိုက်ဆိုင် ကြုံကြိုက်မူ တခု ကြောင့်..ရင်တွေ တအားခုန်နေ မိသည်။  

 ဒေါ်စု ပြောခဲ့တဲ့.. grey, damp Oxford ဆိုတဲ့ နေရာလေးကို တကယ် ရောက်ပါ ပြီ။ တကယ့်ကို ..ပျားရည်ရောင် အလယ်ခေတ် လက်ကျန် ပုံစံ အဆေက်အဦ ဟောင်း ကြီး တွေ နဲ့ ခန့်ညား အုံ့ဆိုင်း နေတဲ့..မီးခိုးရောင် တက္ကသိုလ် မြို့လေးပါပဲ။   

  

   

ရှေးဟောင်း စာအုပ်ဆိုင် လေးတွေ.. ကော်ဖီဆိုင်လေးတွေ နဲ့ အပြိုင်..ခေတ်ပေါ် ပီဇာဆိုင်.. မက်ဒေါ်နယ်ဆိုင်လေးတွေ လည်း ရှိပါရဲ့..။ ဒါပေမဲ့ အားလုံးက.. ရှေးမူ အရိပ် အငွေ့ တွေ သာ ယှက်သန်းလို့..။ လမ်းပေါ်မှာ.. ကျောင်းဝတ်စုံ အနက် ကလေး တွေ အကျ အန ၀တ်ပြီး ရင်ဘတ်မှာ ကာနေရှင်း ပန်းလေး တွေကိုယ်စီ ထိုးထားတဲ့..နုနယ်ငယ်ရွယ် တဲ့ အောက်စဖို့ဒ် ကျောင်းမျိုးစုံက ကျောင်းသား- ကျောင်းသူ တွေ..စက်ဘီးနဲ့ တဖုံ..ခြေလျင် တမျိုး..သွားလာ နေကြတယ်။    

ကိုယ့် အတွက်တော့..ဘယ်နေရာ ကို ကြည့်ကြည့်..ဒေါ်စု ကိုပဲ မြင်နေရတယ်။    

လူ ၃ ယောက်ထဲ နဲ့ စဖွင့်ခဲ့ပြီး..ခုတော့..စာအုပ်တန်းကြီး က..မိုင်ပေါင်းများစွာ တောင် ရှည်လျား လှပါတယ် ဆိုတဲ့..ရှေးအကျဆုံး..နံမယ် အကြီးဆုံး ဟောဒီ Blackwell စာအုပ်ဆိုင် ကြီး ထဲကိုလည်း..ဒေါ်စု ခဏ ခဏ ရောက်လာမှာပဲ။ ဟောဟို က.. ကော်ဖီ ဆိုင်လေး မှာ ရော..သူတို့ မိသားစု ဘယ်နှယ်ခါ လောက်များ ထိုင်ဖူးကြ မလဲ..။ သူ့ အတွက်..သာတောင့် သာယာ ရှိလှတဲ့.. ဘ၀ တခု ကို..သူဘာအတွက် ကြောင့်..ဘာနဲ့အစားထိုးခဲ့တာလဲ.. ကြည့်စမ်း..ခု ချိန်ဆို..သူ ဘာတွေ လုပ်နေမလဲ…။ အတွေးတွေ နဲ့ တင်.. အောက်စဖို့ဒ် မြို့လေးက..ပိုပြီး မှိုင်းမှုံ လာသလိုလို..။    

သူများတကာ တွေရဲ့.. စိတ်ဝင်စားစရာ နေရာတွေက တော့..ဘယ်နေရာ တွေ လဲ မသိ..ကိုယ်တွေ အတွက် ကတော့.. ခရီးသွားလမ်းညွှန် စာရွက်မှာ ဘာမှ ညွှန်းမထားတဲ့.. အမှတ် ၁၆ ဘစ်ကား မှတ်တိုင်မှာ..ဆင်းပြီး..Park town ဆိုတဲ့ ဆိုင်းဘုဒ် လေး ကို အသဲ အသန် ရှာ ရတယ်။    

-ဟော- တွေ့လေပြီ။    

လမ်းညွှန် လိုက်တဲ့ သူကလည်း အသေအချာကို ပြောလိုက်တာ.. အဲဒီ လမ်းလေး ထဲ ၀င်သွား..နံပံပံပတ် ၁၅ တဲ့။    

သူက..အလယ်ခေါင်က..ပန်းခြံ ၀ိုင်းဝိုင်း လေးကို ဟိုဖက် ဒီဖက် ၀ိုက်ပြီး..တိုက်ခန်းတွဲ ကြီးတွေ ဆောက်ထားတာ။ အိမ်ရှေ့တွေမှာ လည်း ကားတွေ တန်းစီ နေတာပဲ..။ လူတွေ နေနေကြတာ ဆိုတော့..အရမ်းကာရော.. သွားကြည့် လို့ လည်း မဖြစ်။ နံပတ် ၁၃.. ဟော..ဟိုဖက်က..၁၅.. တွေ့ပြီ။    

ထူးထူးခြားခြား..အိမ်နံပတ် ၁၅ ရှေ့မှာပဲ.. တိုက်ကပ်နွယ် တွေ မတရား ဖုံးနေ လိုက်တာ.. ၁၅ ဆိုတဲ့ နံပတ်ကို တောင် မနဲ မြင်အောင် ကြည့် ရတယ်။ ဒီ အခန်းလေးကို တခြားလူတွေကို ရောင်းသွားခဲ့ပြီ ဆိုတော့..အထဲမှာ လူသစ်တွေ ရှိနေမှာပေါ့။ ဒါပေမဲ့..သူတို့လည်း သိချင် သိမှာပါလေ.. အာရှသား ရုပ်တွေနဲ့..ခဏခဏ လာကြည့် ကြ..ဓါတ်ပုံ ရိုက်ကြ လုပ်နေကြတာ..သတိထားမိ နေမှာပါ။    

No-15, Park Town, Oxford သူတို့ ၂ယောက် အဲဒီ အိမ်ရှေ့ကို အခါ ခါ ဖြတ်..ဟိုဖက်ဒေါင့်က ကြည့်လိုက်..ဒီဖက် ဒေါင့်က ကြည့်လိုက်..နဲ့..ဘာလုပ်ရမှန်းတော့ မသိ။ ညနေက တော့..အတော် စောင်းနေပြီ..။ တလမ်းလုံး လည်း တိတ် ဆိတ် လို့..။    

မှန်ပြတင်း က တဆင့်..ခပ်ဝါးဝါး ပုံရိပ် တချို့ကို အာရုံ ခံ ပြီး ဖြည့်စွက် ကြည့် နေမိပေမဲ့.. ဟာတာတာ ခံစားချက် တွေသာ..ပြည့်နှက် နေသည်။    

လမ်းထိပ်က..ပန်းခြံ ဘောင်လေး ပေါ်မှာ ခဏ ထိုင်ရင်း..ခပ်ဝေးဝေးက နေ ငေးကြည့် မိပြန်တယ်။ ဒီလို လွမ်းစရာ ကောင်းတဲ့ ညနေစောင်းလေး တွေမှာ.. မီးခိုးရောင် မြို့လေး ထဲမှာ..ဒေါ်စု ဘာတွေ လုပ်နေ ခဲ့လေ မလဲ.. ။ နေသာတဲ့ မနက်ခင်း အတော်များများ မှာ တော့..ဟောဒီ ပန်းခြံ လေး ထဲ.. ကလေး လက်တွန်းလှည်း လေး တွန်းပြီး တော့လည်း သွားခဲ့ ဖူးမှာပဲ နော်..။ ခုတော့..အသက် ၆၄ နှစ် အရွယ် အမျိုးသမီး တယောက် ရဲ့ ညနေခင်း နဲ့ မနက်ခင်း တွေမှာ ..လုပ်စရာ သိပ်များများ စားစား ရွေးချယ် စရာ ရှိမနေ လောက် ပါဘူး။    

  

၆ နာရီ ၄၅ မှာ..နောက်ဆုံး ဘတ်စ် ကား တဲ့.. ပြန်ကြမယ် ဆိုတော့မှ.. ဘာမှန်းမသိတဲ့..ခံစားချက်တွေ ကို အသာ မ ပြီး.. ထိုင်ရာက..ထ လိုက်တယ်။ ပြီးရင်.. Oxford ဘူတာကနေ.. Paddington ဘူတာ လန်ဒန် မြို့ထဲထိ..နောက်ထပ် တ နာရီ လောက် ရထား စီးရ အုံးမှာ…။         

  

Related Articles 

  

   

4 Responses

  1. Thanks for sharing my piece.

    http://kthwe.blogspot.com/2009/06/blog-post_24.html

    your post remind me that I should have write DASSK’ younger time, while she was studying in St.Hughs .

    I just forget it.
    I have some photo of St.Hughs college, taken on my trip.
    I will update later.

    • Dear K,
      Sorry for not acknowledging this as taken from your blog because I don’t know earlier.
      I got this posting in the mail from one of my trusted friends (please kindly do not think that I do not trust you).
      As this was from a mutual friend about another friend’s good news of going to study at that U, I was overwhelmed with joy and wrongly thought that that friend couple went there and the posting was written by them.
      But I made a BIG mistake by publishing first but within minutes I asked my friend to request for permission. At last I got the message that his wife was going there but he took the article from a political post.
      Sorry K.
      Kindly forgive me.
      Your blogger friend
      SOA

  2. I do understand that it can happen in this E-era – scripts were largely widespread through forward mail without knowing original source.

    anyway I would have to take a chance to greet you and say thanks for your blog roll, in which I have one place. :)

  3. Please forgive me as this may be out of subject.

    I live in the UK and am trying to locate long-lost Muslim relatives in Taunggyi & Yamethin (Myanmar). I thought of contacting the locals Mosques for help. Would any kind Brother or Sister help with a full address of a mosque in these states?

    My contact is: myid1964@hotmail.com

    Thank you. Dr. Malik

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: