From the SKY or Kaung Kin ဘုံဘုံ အတွက် ချစ်မေတ္တာ
Written by ကြိုး  
သရုပ်ဖေါ် ပန်းချီထိန်လင်း ပန်းချီကားအမည် ဖေဖေ့အပြန်လမ်း ထောင်လုံချည်ပေါ် ဆေးထိုးအပ် ကို သုံးရေးသည်။
ပါပါနမ်းခွင့်မရတဲ့ 
ချစ်သမီးလေးရဲ့ ပါးပြင်ဟာ
မနက်ခင်းပွင့် တဲ့ 
ပန်းနှင်းဆီထက် ပိုမွှေးမှာ….။
ပါပါ ကိုင်ခွင့် မရတဲ့ 
ချစ်သမီးလေးရဲ့  လက်အစုံဟာ
ချောမွတ်တဲ့ 
ဖေါ့ ဖယောင်းထက် နူးညံ့ မှာ…..။
ပါပါ ဖြီးသင်ခွင့် မရတဲ့ 
ချစ်သမီးလေးရဲ့ ဆံနွယ်ဟာ
သွယ်ပျောင်းတဲ့ 
ပိုးကြိုးထက်ပိုပျော့မှာ….။
ပါပါ နားဆင်ခွင့် မရတဲ့
ချစ်သမီးလေးရဲ့ တေးသံဟာ
သာယာတဲ့ 
ကျေးငှက်သံထက် ချိုမြမှာ…။
ချစ်သမီးလေး အတွက်
ချစ်ခွင့် မရတဲ့
ကမ္ဘာလောကကြီးအတွက်
အကြေကွဲဆုံး  ပုံရိပ်ပါ….။
               ကြိုး
           ၁၆.၉.၂၀၁၀
Leave a Reply
Please log in using one of these methods to post your comment:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
%d bloggers like this: