Complaint letter to the President U Thein Sein about damaging of Masjids by local authorities, USDP and NLD members

Lin Win Thu wrote on his FB wall:လွတ်လပ်စွာကိုးကွယ်ခွင့်အရ ဘာသာမတူပေမဲ့ ဒီမိုကရေစီနည်းကျကျ ဒါလေးတော့ဖတ်ပေးပါ —-

မြစ်ကြီးနား ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် (ယခင်အခေါ်ဆိုင်းတောင်)ဆိတ်မူကျေးရွာ တွင်ဖြစ်သော အဖြစ်အပျက်မှာ ၁၉၉၄ ခုနှစ်တွင်ထရံကာသွပ်မိုး ဖြင့်အစ္စလာမ်ဝတ်ပြုဆောင် တည်ဆောက်ဝတ်ပြုခဲ့ပါသည်။ ၁၈နှစ်ခန့်ကြာပြီဖြစ်၍ သစ်များထရံများပျက်စီးသဖြင့်ပြုပြင်ရန် စီစဉ်ခဲ့ပါသည်။ ပေ၃၀-၄၀ ၀န်းကျင်အဆောင်ဖြစ်ပါသည်။ ယခုနှစ်ပိုင်းတွင်ဘုန်းတော်ကြီးကျောင်…းဆွမ်းစားဆောင် ကျပ်သိန်း၂၀၀၀တန်ကိုခွင့်ပြုမိန့်မပါဘဲတည်ဆောက်ထားပြီးဖြစ်ပါသည်။

မြေနေရာအားလုံးသည် ကျောက်လုပ်ကွက်မြေများဖြစ်ပါသည်။ဂရံမြေ ၊ သာသနာ့မြေများ မဟုတ်ပါ။ အစ္စလာမ်ဘာသာဝင်များ၏ပြုပြင်မှုကိုသာ ပြည်နယ်ဝန်ကြီးချုပ်ဆီတင်ပြခိုင်းသဖြင့် ၂၀၁၂ နှစ်ဆန်းပိုင်းတွင်ပျက်စီးပုံကို တင်ပြခဲ့ပါသည်။ ခရစ်ယာန်နှင့်ဗုဒ္ဓဘာသာရေးအဆောက်အဦများလည်းတင်ပြမှုမရှိဘဲအသစ်လဲဆောက် ၊ အဟောင်းလည်းပြုပြင်ကြသဖြင့်ကျွန်တော်များအစ္စလာမ်ဝတ်ပြုဆောင်ကိုပြုပြင်ခဲ့ပါသည်။

 

၂၀-၁-၂၀၁၂ နေ့တွင် စတင်ပြင်ဆင်ပြီးဖေဖော်ဝါရီလလည်တွင်ပြီးခဲ့ပါသည်။၇-၄-၂၀၁၂နေ့ ( စနေနေ့ ) တွင်ထိုဝတ်ပြုဆောင်တွင် ဆက်လက်ဝတ်ပြု ခြင်းမပြုရန် ဖားကန့်(မ.ရ.အ)ဦးငြိမ်းထွန်းကျော် ညွှန် ကြားချက်အရပိတ် ခဲ့ရပါသည်။

ယနေ့၁၂-၄-၂၀၁၂ နေ့တွင်၎င်းဝတ်ပြုဆောင်ဝင်းအတွင်းကို ညနေ ၆း၃၀ မှစတင်ကာ မြို့ဦးတောရကျောင်း ဘုန်းကြီးနှင့်အတူ သင်္ကန်းဝတ်၁၂ပါး၊ NLD ပါတီဝင်များမှ ကိုကျော်မြင့်၊ကိုသန်းဇော်လတ်၊ကိုလှမင်းတို့ဦးဆောင်ကာ မြို့အုပ်ချုပ်ရေးအဖွဲ့၊မြေစာရင်း၊စည်ပင် အသီးသီးလာရောက်ကာ အင်အားနည်းသူကို အင်အားသုံးကာဖျက်ဆီးပစ်ခဲ့ပါသည်။ အပြင်ဘက်တွင်သင်္ကန်းဝတ် အပါး ၁၀၀ခန့်နှင့်အခြားပြည်သူများလည်းပါဝင်ပါသည်။

ည၁၀း၀၀ခန့်တွင်စစ်သားများရောက်လာကာ စောင့်ကြည့်ပေးသော်လည်း ဖျက်ဆီးနေမှုကိုတားဆီးခြင်းလုံးဝမရှိဘဲ ည ၂း၀၀ လောက်မှသာလျှင်ဖျက်ဆီးခြင်းကိုရပ်ပါသည်။ အစ္စလာမ်ဘာသာဝင်များဘက်မှ လူချင်းခိုက်ရန်မဖြစ်စေရန်သတိထားရှောင်တိမ်းခဲ့ပါသည်။ သည်မြေသည်ရေမှာ အတူနေ အတူကြီးလာသောသူများ အယူဝါဒကြောင့် အချင်းဖြစ်ပါက နောင်တွင် အငြိုးသံသရာလည်နေမည်သာဖြစ်ပါသည်။

(၁၃-၄-၂၀၁၂) သောကြာနေ့တွင် ဖားကန့်မြို့ပေါ်ရှိဗလီ ၊လုံးခင်းဗလီများကိုပါဖျက်ဆီးပစ်မည်ဟု ပြောသဖြင့် ပိတ်ထားရကြောင်း ဤ အဖြစ်အပျက်အမှန်ကို နိုင်ငံတော်သမ္မတကြီး သိရှိစေရန်ရေးသားတင်ပြလိုက်ပါသည်။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: