Let’s start a global struggle (in Burmese)

 Let’s start a global struggle (in Burmese)

 

ဒီစာကို Select ပေးပြီးရေးပါ…နေ့ စွဲ -မေလ ၂၆၊ ၂၀၀၈

လေးစားအပ်ပါသော
ပြည်တွင်းပြည်ပရှိညီအကိုမောင်နှမအပေါင်းတို့ ခင်ဗျား

ရန်ကုန်မြို့  ဆီဒိုးနားဟော်တယ် မှာကျင်းပပြုလုပ်ပြီးသွားတဲ့ အလျူရှင်များ အစည်းဝေး – Donors Meeting – အပြီးမှာ လေဘေးဒုက္ခသည်များအခြေအနေဟာ အလွန်ကိုဆိုးဝါးနေဆဲဖြစ်ပါတယ်။ ပုသိမ်မှာရှိတဲ့ဒုက္ခသည်များဟာ နေရပ်ကိုအတင်းအကြပ်ပြန်ပို့ တာခံနေရပါတယ်။ ဖျာပုံ၊ကျိုက်လတ်နဲ့ အခြားမြို့ နယ်များမှာရှိတဲ့ လေဘေးဒုက္ခသည်များဟာလည်း မဖြစ်စလောက်အကူညီတခါနစ်ခါလာပေးတာကလွဲလို့ ဘာတခုမှမရရှိသေးပါဘူး။

နဂျစ်မုန်တိုင်းက ကျနော်တို့ ပြည်သူ သိန်းပေါင်းများစွာရဲ့ အသက်ကို တမဟုတ်ခြင်းချွေခဲ့ပါတယ်။ မသေလို့ ကျန်ခဲ့တဲ့ ၂သန်းနီးပါးပြည်သူတွေကတော့ ကုလသမဂနဲ့ အာဆီယံနိင်ငံတွေရဲ့ တဖြေးဖြေးခြင်းညင်းသတ်တာကိုခံရတော့မှာပါ။
ပြည်သူလူထုမှာအကာအကွယ်မဲ့နေပါပြီ။ Continue reading